Sunday, October 27, 2013

အကောင်းဆုံးစိတ်အချရဆုံးမြန်မာဖောင့်ထည့်နည်း။


Root လုပ် ပြီး မြန်မာ ဖောင့် ထည့် တဲ့ အချိန် မှာ ရွေး စရာ နည်း တွေ အများ ကြီး ရှိ ပါတယ် ။
TypeFresh ,  AndExplore , MMAS Font changer ,root explorer , Font changer .... စသဖြင့် ပေါ့ ။
အခု နောက် ပိုင်း MMAS Font Changer အသုံး များ ကြ တယ် ။သူ့ အားနည်း ချက် က ၂ ခု ပဲ ရှိ တယ်
 ၁။ တချို့ ဖုန်း တွေ မှာ china font ပျောက်တယ် ။
၂။ တခါ လေ ဖောင့် သွင်း ပြီး သား ကို ထပ် သွင်း ရင် software ကြောင်ပြီး စက် မတက် တော့ တာမျိုး ။
china font မသုံး ဘူး ဆိုရင် အဆင် ပြေ ပါတယ် ။သတိ ထားရ မှာ က ဖောင့် သွင်း ပြီးတာ နဲ့ အဲ့ apk ကို uninstall လုပ် လိုက် ပါ ။

နောက် ထပ် အသုံး များ တာ က Font changer.apk ပါ ။သူ ကတော့ တော်တော် များ များ ကို software ကြောင်ပြီး စက် မတက် တော့ တာမျိုး ဖြစ် စေ ပါတယ် ။
အဲ့ ကောင် တော့ လုံးဝ မသုံးသင့် ပါဘူး ။

ကျွှန်တော် အကြိုက် ဆုံး အကောင်းဆုံး စိတ်ချရ ဆုံး မြန်မာ ဖောင့် ထည့် နည်း ကတော့ Root Explorer
နဲ့ ထည့် တာပါ ။

၁။ တရုတ် ဖောင့် လဲ ရတယ် ။
၂။ အဲ့ ဟာ နဲ့ ထည့် လို့ ဖုန်း တစ် လုံး မှ ဘာ မှ မဖြစ် ဖူး သေး ဘူး ။

အားလုံး ကို လဲ အဲ့ နည်း နဲ့ သုံး ကြ ပါ လို့ တိုက် တွန်း ချင် ပါတယ် ။

ဖုန်းကိုRoot လုပ်ထားဖို့တော့လိုပါတယ်
update အနေ နဲ့ China Font မပျောက် တဲ့ Font နဲ့ ပြန် ရေးထား တာ ပါ ။

ပထမဆုံးအနေနဲ့ အောက်က package ကို ဒေါင်းပီး ဖုန်း SDcard ထဲကိုဖြည့်လိုက်ပါ

zip ဖြည်လိုက်ရင်တော့ Root Explorer (2.9.3).apk နှင့် DroidSansFallback.ttf နှစ်ခုရလာမှာပါ
DroidSansFallback.ttf ကတော့ zawgyi ဖောင့်ကို rename လုပ်ထားတာပါ ။
Root Explorer ကို သွင်းလိုက်ပါ ။ သွင်းပြီးရင်တော့ (root explorer ကို စဖွင့်ဖွင့်ချင်းမှာ root access ကို allow လုပ်မလားလာမေးပါလိမ့်မယ် allow ကိုရွေးပါ ဒါမှနောက်ပိုင်းတွေဆက်လုပ်လို့ရမှာပါ) Root explorer ကနေ download လုပ်ပြိးzipဖြည်ထားတဲ့ folder ထဲသွားပါ။ ရောက်ရင်တော့ DroidSansFallback.ttf ကို long click (ကြာကြာဖိ)ပြီး copy လုပ်ပါ ။
back ခလုပ် နဲ့ မထွက် နဲ့ အပေါ် ဆုံးမှာ ဖိုင်  အလွတ် ရှိ တယ် အဲ့ ဖိုင် ကို နိုပ်ပြီး ထွက် ပါ ။မဟုတ် ရင် copy ပျက် သွား ပါမယ် ။
ဒီထိပြီးရင်တော့ /system/fonts ထဲသွားပါ ။ ရောက်ရင်တော့ညာဖက် အပေါ် မှာ(Mount R/W ) ကိုနိုပ်ပါ
R/o ပြောင်း သွားရင် ရပါပြီ ။မပြောင်း ရင် Root Exploer က root access မရလို့ ပါ ။
menu နိုပ်ပါ အခုဆိုရင်တော့ Paste ကိုနိုပ်လို့ ရပါပြီ ။
နိုပ်လိုက်ရင် Warning ဆိုပီး ရှိပီးသားလို့ လာပြပါလိမ့်မယ် overwirte လိုက်ပါ Yes ကိုရွေးပါ ။
အခုဆိုရင် မြန်မာ ဖောင့် မြင်ရပီဖြစ်ပါတယ် ( တချို့ စက်တွေကတော့ စက်ကို ReBoot လုပ်ပြီးမှ အလုပ်လုပ်ပါတယ်)
keyborad သွင်းဖို့ အတွက်ကတော့ အောက်ကလင့်မှာ keyboard ကို အရင်ဒေါင်းပါ

ဒေါင်းပြိးတော့ install လုပ်လိုက်ပါ ။
install ပြီးရင်တော့  Setting ထဲက Language & keyborad ထဲမှာ MyDroid Soft Keyboard or FrozenKeyboard  ကို select (အမှန်ခြစ်) ပေးလိုက်ပါ။
အခုဆိုရင် သုံးလို့ရနေပါပြီ၊ သုံးဖို့အတွက် Notepad ထဲဝင်ပြီး စမ်းသပ်နိုင်ပါတယ်။
notepad ကိုဖွင့်ပါ (menu => Add note ) နဲ့ note တခုခေါ်ပီး စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာMyDroid Soft Keyboard or FrozenKeyboard  ကို ရွေးလိုက်ပါ။
အခုဆိုရင်တော့ အားလုံးသုံးလို့ ရပါပြီ။။
ကြိုက်တာ သုံး လို့ရအောင် နှစ် မျိုးထည့် ပေးထားပါတယ် ကျွှန်တော် တော့ FrozenKeyboard ပိုကြိုက် ပါတယ် ။
အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ ..
ဒေါင်းလော့စ်ဆိုဒ်သို့သွားရာတွင် ပေါ်လာသောနောက်စာမျက်နှာတွင် 5စက္ကန့်ခန့်စောင့်ပြီး ညာဘက်ထောင့်အပေါ်တွင် Skip ကိုနှိပ်မှသာဒေါင်းလင့်ဆိုဒ်ကိုရောက်မည်ဖြစ်ပါသည်။



No comments:

Post a Comment

Pages

BTricks

BLOG ပညာလေ့လာသူ ကျွန်တော်သည် ပညာရှင်မဟုတ်ပါ လေ့လာဆဲပါ ကျန်တော်blogသိုလာရောက်လည်ပတ်ကြသောနည်းပညာဆ၇ာသမားများနှင့်မိတ်ဆွေသူငယ်ချင်းအပေါင်းအားလုံးကိုထာဝရချစ်ခင်လေးစားလျှပ်ပါ